top of page
  • Facebook

Rakhine

Hope for Arakanese people everywhere

ရခိုင်သမ္မာပိဋိကတ်တော်များ

ရခိုင်သမ္မာပိဋိကတ်တော်ရုပ်ပြစာအုပ်

About

သာလီစွပါ………........................ ကျွန်တော်ရို့ရေ ရခိုင်လူမျိုးတိဖြစ်ပြီး ကိုယ်တော်ယေရှု၏ နောက်လိုက်တပည့်တိဖြစ်ပါရေ။ ကျွန်တော်ရို့ရေ အံ့ဩစရာကောင်းပြီးကေ စစ်မှန်ရေသမ္မာတရားကို အာရှတိုက်ရှိ ဣသရေလ(ဂျူး)နိုင်ငံက ရှာတွိ့ခပါရေ။ တုနှိုင်းလို့မရရေဘုန်းတန်ခိုးတော်အနန္တနန့်ပြည့်စုံရေ ဘုရားရှင်က လူသားအားလုံးကိုထားခရေ မဟာမေတ္တာတော်၊ ဂရုဏာတော်အကြောင်းတိကို ပြန်ပြီးကေပြောပြနိုင်ဖို့အတွက် ဣသရေမာဟိရေ ဂျူး (ယုဒ)လူမျိုးကို ဖန်ဆင်းခပါရေ။ ဒေပိုင်ဖန်ဆင်းရစော်က ကျွန်တော်ရို့ ရခိုင်လူမျိုးတိပိုင် တစ်ခြားလူမျိုးအားလုံးတိကို သမ္မာတရားတော်အကြောင်းတိကို နားလည်နိုင်အောင် မင်္ဂလာသတင်းပြောကြားဖို့ အတွက်ဖြစ်ပါရေ။ ဘုရားရှင်၏အစီအစိုင်မာ ကမ္ဘာမာဟိရေ လူမျိုးအားလုံး အိုခြင်း၊ နာခြင်း၊ သီခြင်းတရားတိက လွတ်မြောက်အောင်ကယ်တင်ဖို့ဖြစ်ပါရေ။ စာတန်မာရ်နတ်၏အစီအစိုင်ကား လူတိအားလုံးကို အပြစ်တရား နန့်မကင်းဘဲ သီခြင်းတရားထဲကိုရောက်စီဖို့ဖြစ်ပါရေ။ ဘုရားရှင်၏အစီအစဉ်မာ နိဗ္ဗာန်ရွီမြို့တော်ကို ကမ္ဘာမြီ ထက်ကို ယူလာပြီးကေ သူ၏သားသမီးတိနန့်တတူတူ နီထိုင်ဖို့ဖြစ်ပါရေ။ ယေကေလေ့ ဘုရားသားသမီးတိရေ အဖဘုရားစကားကိုနားမထောင်ခကတ်။ ယင်းအတွက်နန့်ဘုရားရှင်က သူ၏သွီးသားရင်းချာသားတော်ကို ဒေကမ္ဘာလောကမာဟိရေ ဒုစရိုက်အပြစ်သားတိကိုကယ်တင်ဖို့အတွက် လွှတ်လိုက်တေအခါ ဘုရားရှင်၏ နှုတ်ကပါတ်တော်တရားတိလည်း ပိုပြီးကေရှင်းလင်းထင်ပေါ်လာပါဖို့လို့ မိန့်ဆိုထားပါရေ။ အဓိက အစီအစိုင်မာ ဒုစရိုက်အပြစ်သားတိကို သီခြင်းတရားနန့်ငရဲတွင်းက ကယ်တင်နိုင်ဖို့ဖြစ်ပါရေ။ ဘုရားသားတော်ဖြစ်သူ ယေရှုခရစ်တော်နာမနန့်ဆုတောင်းကေ ငရဲကကယ်တင်ခြင်းခံရပြီးကေ နိဗ္ဗာန်ရွှေမြို့တော်မာနိုင်ငံသားဖြစ်ပါဖို့။ (အာမင်)

သက်သီခံချက်တိ

White Structure

သက်သီခံချက် (၁)

အကျွန့်နာမည်က ခင်ခင်လို့ခေါ်ပါရေ။ အကျွန့်အသက်က (၅၃)နှစ်ရှိပါဗျာလ်။ အကျွန့်မိဖတိက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတိဖြစ်တေအတွက် အကျွန့်လေ့ဗုဒ္ဓ ဘာသာဝင်တစ်ယောက်ဖြစ်ခပါရေ။ မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်သာမက ဗုဒ္ဓလမ်းစဉ်ကိုပါ မိမိကိုယ်တိုင်လေ့လာကျင့်ကြံ အားထုတ်ဖူးသူတစ်ယောက်ဖြစ်ပါရေ။ အကျွန်ကျောင်းဆရာမဘဝနဲ့ ပူတာအိုမှာ တာဝန်ကျရေအချိန်မာ ပူတာအိုက ခရစ်ယာန်သင်းအုပ်ဆရာတိက ကိုယ်တော်ယေရှုအကြောင်းကို အကျွန့်ကိုပြောပြခဖူးပါရေ၊ ကျမ်းစာ စာအုပ်တိကိုလေ့ ဖတ်ဖူးခပါရေ။ ယေကေလေ့ အကျွန်ကိုယ်တော်ယေရှုအကြောင်းကို လုံးဝ စိတ်မဝင်စားခပါ။ လေ့လဲမလေ့လာခပါ။ အကျွန်ရေဗုဒ္ဓဘာသာတစ်ယောက် ဘာသာပြောင်းရိုးထုံးစံမဟိလို့ရာ ပြောခပါရေ။ ထူးဆန်းစော်က အကျွန့်အိပ်မက်ထဲမှာ ကိုယ်တော်ယေရှုနဲ့ မကြာမကြာတွိ့ခပါရေ။ အကျွန်ဖျားလို့သတိလစ်နိန်ရေအချိန်မာလေ့ အိပ်မက်ထဲမှာ ကိုယ်တော်ယေရှု အကျွန့်ခေါင်းကိုလာပြီး သူ့လက်နန့်တို့ပနာ ဆုတောင်းပီးလို့နိန်ကောင်းဖူးပါရေ။ ယေကေလေ့ တိုက်ဆိုင်မှုတစ်ခုလို့ရာ ထင်ထားခပါရေ။ (၂၀၁၁)ခုနှစ်မှာ အကျွန်သွီးကင်ဆာဖြစ်လာပါရေ။ ဆရာဝန်တိကလေ့ ကုသလို့မကောင်းနိုင်လို့ပြောလာပါရေ။ ယင်းအချိန်က အကျွန်သီဖို့စော်ကို ကြောက်လာရေ။ အကျွန်မသီချင်သိမ့်။ အကျွန့် ဘဝမှာ လုပ်ချင်စော်တိလုပ်ရဖို့တာဝန်တိဟိသိမ့်ရေ။ ယင်းအတွက်နန့် အကျွန်စိတ်ဓါတ်ကျနိန်စိုင်မာ အကျွန့်အစ်မဖြစ်တေ အေးအေးကလာပြီးကေ ကိုယ်တော်ယေရှုဘားမှာဆုတောင်းကြည့်ဖို့ ပြောလာပါ ရေ။ အကျွန်လေ့ ဆရာဝန်တိတောင်ကုလို့မရစော် ဒေသွီးကင်ဆာရာအမှတ်ရာပျောက်ကေ ကိုယ်တော်ယေရှုကို ဘုရားလို့အကျွန်ယုံပါဖို့။ ကိုယ်တော့်လမ်းစိုင်ကိုလေ့ လျှောက်ပါဖို့လို့ ဆုတောင်းဖူးပါရေ။ ထူးဆန်းစော်က ယင်းပိုင်ဆုတောင်းပြီး တစ်လလောက်အကြာမာ အကျွန်သွီးစစ်ရေခါ အဖြေက လူသာမာန်တစ်ယောက်သွီးပိုင်ကောင်းနိန်စော်ကို အံဩစရာတွိရပါရေ။ ယင်းခါကပင်စပြီးကေ အကျွန် လူကောင်းပကတိဖြစ်လာပါရေ။ ကျမ်းစာတိကိုလေ့လာရေအခါမာ အကျွန်မထင်ထားရေ ခရစ်တော်၏ထူးဆန်းရေသတင်းတိ၊ အံဩစရာကောင်းရေအမူအကျင့်တိနန့် ဒေကမ္ဘာမာဟိရေလူသားအားလုံးရို့ အပြစ်ဒုစရိုက်တိကို ကိုယ်တော်ယေရှု၏ အသက်သွီးနန့် ဆီးကြောသန့်စင်ခရေဆိုစော်တိကို တွိ့လာရပါရေ။            လေးစားချစ်ခင်ရပါရေ ဓမ္မမိတ်ဆွေရို့ အကျွန်၏ကိုယ်တွိ့သာမက ကျမ်းစာတိကိုပါဖတ်ရှု့လေ့လာကတ်ပါ။ အကျွန်ရို့လောကီလူသားတိအတွက် ကယ်တင်ရှင်ဟိရေဆိုစော်ကို တွိ့လာရပါလိမ့်မေ။ ယေရှုဘုရားနာမတော်ပိုပြီးကေ ဘုန်းကြီးပါစီ ................. (သာဓု)(အာမင်)

White Structure

သက်သီခံချက် (၂)

ကျွန်တော်နာမည် ဦးထွန်းကျော်ဦး (လေ/ဗိုလ်မှူး အငြိမ်းစား) နဲ့ ဗဟိုတရားရုံးရှေ့နေတစ်ယောက်ဖြစ်ပါရေ။ ကျွန်တော့်အသက် (၈၆) နှစ်ရှိပါဗျာလ်။ မိရိုးဖလာဗုဒ္ဓဘာသာအယူအဆတိကို ကျွန်တော်ကကောင်း လေ့လာခပါရေ။ ဗုဒ္ဓတရားတော်အယူဝါဒအရ သစ္စာလေးပါးကို အခြေခံရေအတွက် ထိုတရားတော်အတိုင်းမကျင့်ကြံကေ (၃၁)ဘုံ သံသ ရာမာကျင်လည်ကတ်ဖို့ဖြစ်ပါရေ။ အသက်အရွယ်အရလည်း ဘာသာတရားတစ်ခုကို လေးလေးနက်နက်နန့် သိချင်စိတ် ပြင်းပြလာပါရေ ။ ဇာချင့်ကလေ့ လူတစ်ယောက်စိတ်ကို မပြောင်းလဲနိုင်ဆိုစော်ကိုလည်းနားလည်လာပါရေ။ ယင်ကြောင့် ဗုဒ္ဓတရားတော်တိကို ပိုပြီးကေလေ့လာခပါရေ။                  (၁၉၉၀-၁၉၉၃) ခုနစ်က ရန်ကုန်မြို့မာ အမျိူးသားပါတီထူထောင်ခရာကအင်းစိန်ထောင်မာနိုင်ငံရေးအကျဉ်းသား ဖြစ်ခံရပါရေ။ တပ်မတော်စိန်ရတုသဘင် အထိမ်းအမှတ်နန့်ကျွန်တော်ရို့လွတ်မြောက်ခပါရေ။ ထောင်ထဲမာဟိနီစိုင်မာ ဗုဒ္ဓ ဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာဝင်တိနန့် ဓမ္မမိတ်ဆွေ အဖွဲ့တစ်ဖွဲ့  ဖွဲ့စည်းခပါရေ။     ဓမ္မမိတ်ဆွေဆိုစော်က ဇာဘာသာဝင်မဆို တစ်ယောက်နန့်တစ်ယောက် အသက်ပီးချစ်ခင်ကတ်ဖို့ နန့် ငြိမ်းချမ်းရေးရဖို့ ဖြစ်ပါရေ။ (၁၉၉၃) အိမ်ကိုပြန်ရောက်ရေခါ မိတ်ဆွေ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္နူဘာသာဝင်တိနန့် ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးဖြစ်ခကတ်ပါရေ။ မြန်မာနိုင်ငံမာ ဗုဒ္ဓဘာသာလောကနန့် ခရစ်ယာန်ဘာသာလောကရေ ဓမ္မမိတ်ဆွေ၏ မူဝါဒလမ်းစဉ်ကိုသိရှိဖို့နန့် နားလည်ဖို့အထူးလိုအပ်ပါရေ။ကျွန်တော့် မိတ်ဆွေတိနန့်တတူလေ့လာရေအခါ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနန့်ရာ အရာရာကိုပြောင်းလဲနိုင်ဖို့ဆိုစော်ကို ယုံကြည်လာပါရေ။   ယင်းကစလို့    ရီနှစ်မဂ်လာယူပြီးကေ    မိတ်ဆွေ မစ္စတာဂျေနန့်ဆွေးနွေးလေ့လာသင်ယူခပါရေ။ (၁၉၉ရ)ခုနစ်ကစပြီးကေ အခုထိ အမှုဆောင်တိကို     ခရစ်တော်ဘာသာမာ နိဗ္ဗာန်ရွှေမြို့တော်ရောက်ကြောင်း ကယ်တင်ခြင်းတရားနန့်  ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ရောက်ကြောင်းတရားတိကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိရှိရအောင်ဆင့်ပွား သင်တန်းပီးခြင်း၊ (၁၉၉၈-၁၉၉၉) ခုနှစ်မာ ဗုဒ္ဓဘာသာနန့် ခရစ်ယာန်ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာ အနှစ်ချုပ်( အဝါရောင် စာအုပ်)ကို ရွီးသားထုတ်ဝီခပါရေ။(၁၉၉၉- ၂၀၀၅) ခုနှစ်မှာလည်း ခရစ်တော် သမ္မာကျမ်းစာကို ဗုဒ္ဓဘာသာဝင်တိအတွက် နားလည်စီဖို့ရည်ရွယ်ပြီးကေ အဂ်လိပ်ဘာသာက တိုက်ရိုက် ပြန်ဆိုခြင်းနန့် (၂၀၀၅-၂၀၁၅) ခုနှစ်ထိ အမှုဆောင်တိကို ဆင့်ပွားမွီးထုတ်ခစော်ရေ မိခင်အသင်းတော်က သားသမီးအသင်းတော်၊ မြီးအသင်းတော်၊ မြစ်အသင်းတော်၊ တီအသင်းတော်၊ တွတ်၊ ကျွတ်၊ အသင်းတော်တိအထိ အိမ်အသင်းတော်  ဆင့်ပွားရေးနန့်  အမှုတော်ဆောင်နိန်ပါရေ။ စာဖတ်နိန်သူ အားလုံး တစ်ယောက်စီတိုင်း ဘုရားရှင် ကောင်းကြီးပီးပါစီ .......................(သာဓု)

White Structure

သက်သီခံချက် (၃)

အကျွန့် နာမည်  ဒေါ်နီနီကျော်ပါ။     အကျွန်ရေ  ဗုဒ္ဓဘာသာ (ထေရဝါဒ)အရ ဘုရားနန့်တရားကို   လိုက်နာကျင့်သုံးရေ မိရိုးဖလာက     ဆင်းသက်လာသူ  တစ်ယောက်ဖြစ်ပါရေ။ (၂၀၀၁) ခုနစ်မှာ အကျွန့်အမျိုးသား (၃၁) မာနှစ်သီဆုံးလခပါရေ။ သူ့ခန္ဓာကိုယ်ကို မီးသဂြိုလ်ရေအခါ သူ့နာမ်ဝိညာဉ်လားဖို့ နီရာကို သိချင်ခပါရေ။ အကျွန်ကော သီလခဖို့ဆိုကေ အကျွန့်နာမ်ဝိညာဉ် ဇာနီရာကိုရောက်ဖို့လေ့။ အကျွန်ရို့ ဗုဒ္ဓဘာသာအယူအဆအရတော့ခါ လက်တွိကျင့်ကြံအားထုတ်မူမရှိကေ (၃၁)ဘုံ မှာကျင်လည်ကတ်ရဖို့ပါ။ အကျွန် လွတ်မြောက်ဖို့ရှာဖွီနိန်ခပါရေ...... (၂၀၀၂) ခုနစ်မှာ မစ္စတာဂျေက “ပုထုဇဉ်လူသားတိုင်းရေ မိမိက ဒုစရိုက်ကို အမှန်နောင်တသံဝေဂရပြီးဖြစ်လို့ ခရစ်တော်လမ်းစိုင်အတိုင်း နောက်လိုက်ဖြစ်ကေ ခရစ်တော်ကကယ်တင်မယ်” ဆိုပြီးကျမ်းစာထဲက ဇာတ်နိပါတ် တော်တိကို ဗုဒ္ဓဘာသာ၏ ဇာတ်နိပါတ်တော်တိနဲ့နှိုင်းယှဉ် ပြောပြလာရေအတွက် နားလည်လာခပါရေ။ ပိုပြီးကေ နားလည်ဖို့ကို အကျွန့် အဖက  ကူညီရှင်းပြပီးခပါရေ။ (၂၀၀၇)ခုနစ်မှာ Mr.Jay အစီအစိုင်နဲ့ ကျွန်မရို့ မောင်နှမ ဝမ်းကွဲ(၃)ယောက် ရီနှစ်မဂ်လာယူခကတ်ပါရေ။ ယင်းကစလို့ ခရစ်တော်ဘုရားကို ယုံကြည်လို့ တရားကိုယုံကြည်လာပါရေ။ “ဟန်ဆောင်ကေ ငရဲကိုလားမေလို့ ဘာဘာက ဆုံးမလေ့ဟိပါရေ”။ ကျမ်းစာကို ပိုမို ကျေညက်အောင် အကျွန့်ဘာဘာနန့် Mr. Jay Pratt, အခြားသော ခရစ်ယာန်ဆရာ ဆရာမတိဘားက သင်ယူခပါရေ။ (၂၀၁၀) ခုနစ်ကစလို့အဂုထိ ရန်ကုန်က ဧရာဝတီတိုင်းရှိ ကျေးရွာ (၅၂)ရွာ၊ ရခိုင်ပြည်နယ် ကမြို့နယ် (၉) မြို့နယ်၊ ပဲခူးတိုင်းက ( ၂) မြို့နယ်၊ ရှမ်းပြည်နယ် (၂) မြို့နယ်၊ သထုံ၊ ဖားအံ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် (၁) မြို့နယ်တိက ကျေးရွာတိနန့် သီရီလက်ာနိုင်ငံသားနန့် ထိုင်းရောက်မြန်မာနိုင်ငံသားတိကို အိမ်အသင်းတော် ဆင့်ပွားသင်တန်းတိ ပီးခပါရေ။ (အကျွန်တက်ရောက်ခဲ့ရေ ဘာသာရေး သင်တန်းတိမှာ မဲဆောက်မြို့မာ ကျင်းပရေ T4T (2020)၊ Mr.Jay ( Discipleship trainings) Major Tun Kyaw oo ( ဘာသာရေးဆိုင်ရာ သင်တန်းများ) Online Bible College, Diploma (OBC3178) Overall Bible Correspondent (Myanmar) 2019 Doulos Bible Collage Correspondence ( ဖြေဆိုဆဲ))

Contact

Contact

Tel     : +959 783 767 978

Email : dms.mm01@gmail.com

            dms.mm02@gmail.com

  • Black Facebook Icon

© 2023 by Personal Life Coach. Proudly created with Wix.com

Thanks for submitting!

bottom of page